ကျနော်နှင့် ကဗျာဆရာများ(ဗညားရှိန်)

အရင်ဆုံး ကိုယ့်ကိုကိုယ်(ခေါင်းအပါအ၀င်) မိတ်ဆက်ပေးပါ

အရင်ဆုံးမိတ်ဆက်ရမယ်ဆိုရင် အညာဆရော ပါ . . . . အယ် မြန်မာလိုတော့ ကြီးတော်ရေ မင်္ဂလာပါလို့ အဓိပါယ်ရပါတယ်ဗျ . . . . ဟဲဟဲ ဒါပါပဲ . . .

ကိုဗညားရေးတဲ့ကဗျာတွေကဘာနဲ့ခံစားပြီးရေးတာလည်းဟင်

ခံစားတာကတော့ သရေလည်ပတ်နဲ့ပါ အယ် . . . မှားလို့ . . . . ခံစားချက် အတုရယ်များများကို အစစ်နည်းနည်းလေး ရောပြီး ရေးတယ် တစ်ခါတစ်လေလဲ တစ်ပက်လောက်ရောပြီး ရေးပါတယ်ဗျ . . . .

ဟုတ်ပါပြီ. . . ခုလိုအွန်လိုင်းမှာရေးတာနဲ့ အောက်လိုင်း(အဲ) ပြင်ပမှာရေးရတာ ဘာတွေများကွာခြားပါသလဲ

အွန်လိုင်းမှာရေးတာက ထိုင်ခုံပေါ်မှာထိုင်ေ၇းရပြီး အောင်လိုင်းမှာရေးတာက ကြမ်းပြင်ပေါ်မှာ ထိုင်ရေးရပါတယ်ဗျ

ဗညားရှိန်ဆိုတဲ့ နာမည်တစ်လုံးရဖို့ ဘယ်ဗေဒင်ဆရာနဲ့ ကင်ပွန်းတပ်(မှားပြန်ပြီ) ဘယ်လောက်အားထုတ်ခဲ့ရပါသလဲ


ဘယ်သူရှိမတုန်း . . . . . . ဟိုနာမည်ကြီး စာရေးဆရာ ( UK , CK , PK ချွင်းဂန်း , London မမှန်ကန် အကြံအဖန်အမြဲ လုပ်တတ်တဲ့ ) သူရရင် သူများကို မသထာတဲ့ သူရဿဝါ ခေါ် မောင်မောင်ပိန်တာရိုး ပေးထားတဲ့ နာမည်တွေကို တစ်ခုမှမယူပဲ ကိုယ်ဟာကိုပေးထားတာပါ ဟဲဟဲ

ချစ်သူကို ဘယ်အချိန်မှာ အာဝါးရှလူးချင်လဲ

အယ် ဒါကတော့ တောစီးကရက် ( ဒေါ်ပု ဆေးပေါလိပ် ) . . . . . .

ချစ်သူတစ်ကိုယ်လုံးမှာ အချစ်ဆုံးနေရာလေးတွေ. . .(လွတ်အောင်ဖြေနော်)

ဟိုနေရာ နီနီရဲရဲလေးနဲ့ ဟတတ လေးဖြစ်နေတဲ့ နေရာ ဟိဟိ ပြောရင်းဆိုရင်း အသည်းတောင်ယားလာပြီး . . .ဟိဟိ တစ်မျိုးမထင်နဲ့နော် နှုတ်ခမ်း နီနီရဲရဲ မဟတဟလေး ရီနေတဲ့ ပုံကိုပြောတာ ဟိဟိ

ခုချိန်များ ပုရွက်ဆိတ်တစ်ကောင်သတ်ခွင့်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့သတ်ချင်ပါသလဲ

မသေမချင်း အမွေးနှုတ်သတ်မယ် . . . . .

အိုဘားမားနဲ့အတင်းပါးစပ်ဆုံ အုပ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့အကြောင်းကို ပထမဦးစားပေး အုပ်ချင်ပါသလဲ

ဘီယွန်းဆေး ခန္တကိုယ်အချိုးအစား ဘယ်လောက်လှလဲ ဘယ်လို မိုက်တယ် ဘယ်နေရာက ကြည်လို့ကောင်းလဲ ဆိုတာတွေပါ ဟဲဟဲ

ဂျနီဖာလိုပက်ဇ်ကများ မျက်စပစ်ပြခဲ့ရင်. . .

တော်ပါပြီး စိတ်ကုန်တယ် တောထဲက သစ်ပင်ပေါ်မှာ သွားနေမယ် ကျားကြီးပဲ ကိုက်ပါစေ ကျေနပ်တယ် အားလုံအားလုံး အေးဆေး . . . . သူလို အအိုကိုများ စိတ်မစားပေါင် . . . . . လင်ဆေးလိုဟန်လောက် ဆိုတောင် နည်းနည်း စိတ်ဝင်စားအုံးမှာ . . . .

လမ်းပေါ်မှာ ရှောက်သီးဆေးပြားရောင်းရတော့မယ်ဆိုရင် ဘယ်သီချင်းလေးဆိုပြီးရောင်းချင်လဲ

လာကြပါဦး ဒီမှာနော် . . . . ပဲပြုတ် . . . . . . . . . . . . . အယ် မွားလို့ . . . . . . ဒီမှာနော် စောက်ပြားတွေရမယ် . . . အာာာားးးးးးးးးးး မှားပြန်ပြီး . . . . . . ရှောက်ပြားတွေ ရမယ်နော် . . . . . . . .

အားပါးတရရယ်ရမယ်ဆိုရင် ဘယ်လိုရယ်ချင်လဲ

မျောက်တွေလို ပါစပ်သာဟပြီး သွားစိပြီး စပ်ဖြီးဖြီးနဲ့ ရယ်ချင်တယ် . . . . .

ကဗျာကို ဘယ်လိုသဘောထားလဲ

ကဗျာကို သေသေချာချာ သုံး. . . .သပ် . . . . . ရရင်တော့ ဘယ်လိုပြောမလဲနော် . . . . . ခန္တာကိုယ် အရွယ်အစားသေးတယ် အနုစိတ် မှန်ဘီးလူးနဲ့ ကြည့်ရရင် တော်တော်လေး ရှည်တယ် . . . . . နောက်ဆုံအနေနဲ့ ပြောရရင် သူရဿဝါ ကောင်မလေးနဲ့ တူသလိုပဲ . . . . . ဟိဟိဟိဟိ

ကိုယ့်ကိုကိုယ် (မျက်စိနဲ့) ဘယ်လိုမြင်လဲ

အန် . . . . . . မေးတဲ့ပုံကိုက . . . . ငါ့ကိုပါ မင်း ကြိတ်ကြံနေတဲ့ပုံပဲ . . . . . . ဘယ်ပြောမလဲ ကိုယ့်လျှိုဝှက်ချက်က ကိုယ့်ကောင်မလေးကိုပဲ အသိခံမယ် ပြောဘူး အသေသတ် . . . သိချင်ရင် သမီးငယ်လေးကို သွားမေး . . . . ဟဲဟဲ

လူမသိ သူမသိ ရင်ခုန်ခဲ့ရတဲ့အချိန်လေးများရှိရင် ပြောပြပါလား

လာပြန်ပြီး . . . . အင်တာဗျုးဆရာ လူမှုရေးကို ၄၀ နဲ့ကပ်အောင်ထားတယ်ထင်တယ် လှုမှုရေးညံ့လှချည်လား ဒီလိုမေးခွန်းမျိုးလူရှေ့ သူရှေ့ မေးရလား . . . . . ဟိဟိ တိုးတိုလေးပြောမယ် နားထောင် ဘယ်သူမှမကြားစေနဲ့ နော် ဟိဟိ မာဆတ်သွားတဲ့ အချိန် ဟိဟိ . . . . . .

လူကြားသူကြားမှာလေလည်ရတော့မယ်ဆိုရင် ဘာပြောချင်လဲ

အိပ်ကျု့စမီ . . . ဆာလ် . . . . ကျေးဇူးပြုပြီး ဟိုဘက်နား နည်းနည်းတိုးပြီး ရပ်ပေးပါဗျာ . . . . .

အကြိုက်ဆုံးကဗျာလေးတစ်ပိုဒ်လောက်ရွတ်ပြပါလား

အဟင့် ရွတ်ရမှာတောင် ၀မ်းနည်းလာတယ် အနာတရ အဟောင်းအဆွေးတွေ ပြန်ပြန်ပေါ်လာလို့ ပုတ်နံ့တွေက အက်ရှ လောက်တွေတလောင်းလောင်း အဆီအဖတ်တွေက ၇ွဲ ၇ွဲ စို စို စိ စိ ပွစိ ပွစိ လောက်ကောင်တွေက အဟင့် ဆက်မပြောတော့ဘူး နောင်မို့ဆို ဖတ်တဲ့သူတွေ ထမင်းစားမ၀င်ပဲ နေလိမ့်မယ် ကဗျာပဲ ရွတ်ပြတော့မယ်

နတ်ဆိုးဆိုတာ နောက်ဆုံးတော့ နတ်ဆိုးပါပဲ
ဘယ်သူမှနန်းမစံချင်တဲ့ နတ်ဆိုးနန်းတော်မှာ
ငါဟာ အလွမ်းပုရပိုဒ်ကို ရေးဆဲပါပဲ . . . . . . . .

ကျနော်နှင့်ကဗျာဆရာနောက်ဆက်တွဲ(သူရဿဝါ)


  • ကောင်းကင်ကို သွန်ချလို့ရမယ်ဆိုရင် ဘယ်ရေတွင်းမှာ လသာစေချင်သလဲ။

ကောင်းကင်က ဘာကိုဆိုလိုတာလဲ။ ရေတွင်းထဲမှာ သာစေချင်တဲ့လက ဘာကိုဆိုလိုတာလဲ။

ကျနော့်စိတ်ထဲမှာကတော့ “ကောင်းကင်” ကိုသွန်ချရမယ်ဆိုတဲ့အတွေးနဲ့တင် ခြောက်ခြားမှိုင်း

ညှို့နေခဲ့ပါပြီ။ “လမင်း” ကို ဘယ်နေရာထားရမလဲလို့ တွေးပူရဦးမယ်ဆိုရင်တော့ ကျနော် ရူး

သွပ်ကိုက်ခဲမှုကိုပဲ လက်ခံရတော့မယ်ထင်ပါတယ်။ ဒီတော့ ကျနော်သေဆုံးတဲ့တိုင် ခွန်အားရှိ

သလောက်တော့ ကောင်းကင်ကို မြေပြင်ဆီ သွန်ချခွင့်ပြုလိမ့်မယ်မဟုတ်ပါဘူး။ ကျနော် ရှင်

သန် နေ သ ရွေ့ ပေါ့။

  • ဆုတ်ဖြဲပစ်လိုက်တဲ့ရက်စွဲတွေထဲမှာ ဘယ်ရာသီကို ပြာချထည့်လိုက်သလဲ။

ငြင်းဆိုခွင့်ရှိရင် ငြင်းဆိုပါရစေ။ ဆုတ်ဖြဲပစ်လိုက်တဲ့ရက်စွဲတွေမဟုတ်ပါဘူး။ ကျနော့်ရဲ့

ရက်စွဲတွေက ဆုတ်ဖြဲခံခဲ့ရတာ။ ဘယ်ရာသီကိုမှ ပြာမချပါဘူး။ ကဗျာဆရာတစ်ဦးရဲ့ နှ

လုံးသားက မမာကျောနိုင်ခဲ့ဘူး။ ပြာချခံခဲ့ရတာပါ။ တစ်ခုတော့ရှိတယ်။ ကျနော်. . .

မိုး ရာ သီ ကို မုန်း တယ်။

  • မှားသည်/မှန်သည် လေချွန်နေလိုက်ပါ ဘယ်သီချင်းကိုဆိုမလဲ။

ဒီနေရာမှာတော့ ကျနော်က ခင်ဗျားမေးခွန်းထက်ပိုပြီး ပြတ်သားမာကျောသူတစ်ဦးဖြစ်နေ

ပါတယ်။ မှားတယ်ဖြစ်ဖြစ် မှန်တယ်ဖြစ်ဖြစ် ပေါ့လေ. ကျနော်ကတော့ လေချွန်ရုံမက ရင်

ကော့ပြီးပါ လမ်းလျှောက်ပြလိုက်မိမှာပါ။ဒီတော့ မှားသည်/မှန်သည် ဘယ်လိုပဲဖြစ်ဖြစ်

ကျနော့်တုန့်ပြန်မှုက တစ်မျိုးတည်းပါ။ ကြည်ကြည်လင်လင်ပြုံးရင်း “ဟုတ်ကဲ့ ဒီအတွက်

ကျေးဇူးပါ” လို့. . . ။

  • ကိုယ့်ကိုကိုယ် ခေါင်းစဉ်ပြန်တပ်ရင်. . .

ဘယ်တုန်းကမှ ဒီလိုမစဉ်းစားမိပါဘူး။ ကိုယ့်ကိုကိုယ် ခေါင်းစဉ်ပြန်တပ်ရလောက်အောင်

မိုက်မဲတဲ့လူတစ်ယောက် မဖြစ်ချင်တာအမှန်ပါ။ (အထူးသဖြင့်) အနုပညာနဲ့ပတ်သက်ရင်

ပေါ့။ အနုပညာသမားဟာ မျက်နှာများတယ်။ အတွေးအမြင်ကို ဖြန့်ကျက်ထားနိုင်တယ်။

အနုပညာသမားရဲ့ ဈာန်ဝင်စားမှုနောက်ကို ကိုယ့်ကိုကိုယ်တပ်တဲ့ခေါင်းစဉ်တွေက မှီအောင်လိုက်နိုင်မယ်မထင်ဘူး

  • မိုးခါးရေတစ်ခွက် ဖျော်ပေးထားရင်. . .

ခပ်ရှင်းရှင်းပဲ။ “လုံးဝ” မသောက်ဘူး။ သောက်ရမယ်ဆိုလည်း တစ်ခွက်ဆိုတာ နည်းလွန်း

တယ်။

  • မာန်နတ်မင်းနဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ရင် ဘာပြောချင်ပါသလဲ။

“ဟင့်အင်း. . .အလေးပဲပြုလိုက်မယ်။ လက်ဆွဲနှုတ်ဆက်ရရင် ကျနော်သေရချည်ရဲ့ဗျာ။

သူ့မှာက လက်ရုံးပေါင်းတစ်ထောင်ရှိတာဗျ။ လက်ဆွဲနှုတ်ဆက်ပြီးလို့ သူပြန်နှိပ်ပေးရင်

တော့ တစ်မျိုးပေါ့ဗျာ။ L

  • ရသအမြောက်ဆုံးပုံပြင်တစ်ပုဒ်အတွက် နှုတ်ခမ်းတွေ အဖွင့်အပိတ်လုပ်ခဲ့ဖူးပါလား။

အရမ်းဝှက်ထားတော့ မနည်းစဉ်းစားရတယ်။

“ချစ်တယ်. . .ချစ်တယ်. . .ချစ်တယ်” သူ့ကို ပုံပြင်တစ်ပုဒ်ပြောပြသလို စိတ်ရှည်လက်ရှည်

လည်းပြောပြဖူးပါတယ်။ ကြေကွဲဖို့ကောင်းတာက သူပြန်ပြောခဲ့တဲ့ ပုံပြင်တွေကိုလည်း နား

ထောင်ပေးခဲ့ရတာပါပဲ။

  • သာဓကတွေသာ အမြဲမှားသွားကြမယ်ဆိုရင် လက်နှစ်ဘက်ကို ဖြန့်ချထားဖို့ အစီအစဉ်

ရှိပါသလား။

မရှိပါဘူး ........ ဒါဟာ လူ့ဘဝရဲ့ မှားယွင်းမှုပေါင်းများစွာထဲက မှားယွင်းမှုတစ်ခုပဲ ဖြစ်တယ်
မှားယွင်းခဲ့ကြတိုင်းသာ လက်လျှော့ကြကြေးဆိုရင်
ကျနော်တို့လက်တွေ ချည့်နဲ့နေခဲ့တာ ကြာပြီဖြစ်သွားလိမ့်မယ်

စက္ကူမီးအိမ်

အရွက်တွေကြွေကျလာတာမဟုတ်ဘူး
အပင်တစ်ပင်လုံးခုတ်လှဲခံလိုက်ရတာပါ
ငါ့မှာ မနက်ဖြန်အတွက်
ပွင့်စရာတောင်မကျန်တော့ဘူး။

အပေါက်ဝကိုရောက်မှ
တံခါးမခေါက်ပဲပြန်လှည့်
ငါ. . . “အ” ခဲ့မိတယ် နှင်းဆီဝါရေ။

“ညှို့” နေအောင်“မှိုင်း”တဲ့လမ်းပေါ်မှာ
“လက်”တွေထဲ “အိတ်”ကိုထည့်ပြီးလျှောက်
လကွယ်ညတွေကို
“ကြောက်တယ်”

“လွမ်းတယ်ကွယ်. . .လွမ်းတယ်”
ဒီသွေးစက်တွေ မတိတ်မချင်းပဲ
အသည်းကွဲနေရဦးမယ်။

“၁၃” ညမြောက်အိပ်မက်
ဆောင်းမီးအလင်းနဲ့
ဖမ်းငင်နှောင်ချုပ်
ပိုးဖလံတစ်အုပ် တဖြုတ်ဖြုတ်ကျရှုံးသွားရဲ့။

အဲဒီမိုးတစ်ပြိုက်နဲ့
အကုန်စိုပစ်လိုက်တော့
တို့တွေ…
ယဉ်ယဉ်ကျေးကျေး
“ဝေး”လိုက်ကြစို့နှင်းဆီဝါရယ်။

အလှပဆုံးပုံလေးတစ်ပုဒ်နဲ့
နင်ငါ့ကိုချော့သိပ်တယ်
တော်ပါတယ်
နင်. . . တော်ပါပေတယ်။

သော့မရှိတဲ့လှောင်အိမ်ကိုရိုက်ချိုး
မိုးတွေလည်းကျိုးတိုးကျဲတဲ
“ရွာတယ်”

ဟုတ်တယ် နှင်းဆီဝါရယ်
ကိုယ်က. . .
မိုးစက်ကို“ဒိုင်း” လိုကာပြီးမှ
“ရွာ” ရဲတဲ့ “လူအ” ပါ။

ရုပ်သေးတစ်ရုပ်က
“၀ရုန်းသုန်းကားပြောလာကြတယ်
ဂျစ်ပစီရင်ဘတ်ပေါ်က
တေလေမ
သေပြီ” တဲ့

အဲဒီဂျစ်ပစီလေးကလည်း
သူ့အလင်းတွေနဲ့သူပြန်ဆွဲကြိုးချ
ထောင့်မှန်ကျ “မှောင်” ပစ်လိုက်တယ်ကွယ်။

ကျနော်နှင့် ကဗျာဆရာများ(သူရဿဝါ)

* အရင်ဆုံး ကိုယ့်ကိုကိုယ်(ခေါင်းအပါအ၀င်) မိတ်ဆက်ပေးပါ



ကို့ကိုကိုရဲ့နာမည်ကိုတော့မသိပါ ။ ကျနော့်နာမည်ကတော့ သူရဿဝါဖြစ်ပါတယ် ။ မိတ်ဆက်လို့ ပြီးပါပြီ ။ မိတ်ထွက်ချင်ရင်တော့ နွေရာသီရောက်လာတာကိုစောင့်ပါ ။ :P



* ကိုသူရိယသ၀ါယာ(အဲ) သူရအသားဝါ (ဟုတ်ပေါင်) သူရဿဝါရေးတဲ့ကဗျာတွေကဘာနဲ့ခံစားပြီးရေးတာလည်းဟင်



ကျနော့်နာမည်ကို အဲလို လေးလေးစားစားခေါ်တဲ့အတွက် ကျေးဇူးမတရားတင် ။ ကျနော့်ကဗျာမှန်သမျှ စိတ်ထဲမရိုးမရွဖြစ်မှုကနေစပါတယ်။ အရင်က ကဗျာတွေရေးပြီးရင် ကောင်မလေးအိပ်ခန်းပြတင်းပေါက်ထဲ ပစ်ပစ်ထည့်တိုင်း သူ့အဖေ တရုတ်ကြီးကိုပဲသွားသွားမှန်တဲ့အတွက် “တရုတ်မှန်”ဖြစ်ပါတယ်။

ခုတော့. . . ဒန်ဖြစ်နေပါပြီ။ ဒန်တွေအားလုံးထဲမှာတော့ ဒန်ပေါက်ကိုခံစားရတာ အကြိုက်ဆုံးပါပဲ။



* ဟုတ်ပါပြီ. . . ခုလိုအွန်လိုင်းမှာရေးတာနဲ့ အောက်လိုင်း(အဲ) ပြင်ပမှာရေးရတာ ဘာတွေများကွာခြားပါသလဲ



အောက်လိုင်းမှာရေးရတာ ဘောပင်နဲ့ရေးရတာမို့ လက်သိပ်ညောင်းပါတယ်။ အွန်လိုင်းမှာရေးတာက ပိုဆိုးပါတယ်။ ကီးဘုတ်နဲ့ရိုက်ရတာမို့ လက်အသားမာတက်ပါတယ်။ မျက်လုံးအားစိုက်ရလို့ မျက်လုံးပျက်ပါတယ်။ အင်တာနက်ဖိုး ပိုက်ဆံသုံးရလို့ “ထွက်”ပါတယ်။



* သူရဿဝါဆိုတဲ့ နာမည်တစ်လုံးရဖို့ ဘယ်ဗေဒင်ဆရာနဲ့ ကင်ပွန်းတပ်(မှားပြန်ပြီ) ဘယ်လောက်အားထုတ်ခဲ့ရပါသလဲ



အားထုတ်ရမှာကြောက်လို့ အုပ်ထားပါတယ်။ အယ်. . .သေပြီ။ ကဗျာရေးပြီးတာနဲ့အရင်ဆုံး သူငယ်ချင်းကို အတင်းပေးဖတ်ပါတယ်။ ပြီးတာနဲ့ မေးပါတယ် “ဘယ်သူလေးရေးတာလဲ” “ကိုသူရဿဝါ” ပါ။ နောက်တစ်ဆင့် ကလေးတွေကိုပေးဖတ်ပါတယ်။ ထပ်မေးပါတယ် “ဘယ်သူလေးရေးထားတာတုန်း” “ဦးတူရတ၀ါ” ပါ။ ဒီနည်းနဲ့ လူပြောသူပြောများလာပါတယ်။



* ခုချိန်များ ပုရွက်ဆိတ်တစ်ကောင်သတ်ခွင့်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့သတ်ချင်ပါသလဲ



အရင်ဆုံး ညင်ညင်သာသာလေး ဖနောင့်နဲ့ပေါက်သတ်ပါ့မယ်။ သေမသေစမ်းကြည့်ပြီး တကယ်သေတော့မှ နောက်တစ်ခေါက်ထပ်သတ်ပါ့မယ် L



* အိုဘားမားနဲ့အတင်းပါးစပ်ဆုံ အုပ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့အကြောင်းကို ပထမဦးစားပေး အုပ်ချင်ပါသလဲ



အတင်းမအုပ်ပါဘူး။ အချွန်နဲ့မမှာ “ဒီမယ်အိုဘားမား . . . ခင်ဗျားရဲ့ဇနီးကို ကျုပ်သူငယ်ချင်း ရိုးရာနဲ့ချိန်းတွေ့နေတာ ရပ်တန်းကရပ်ခိုင်းပါလို့ ” အဲလို တစ်ခွန်းတည်းပြောပစ်လိုက်မှာ။



* ချစ်သူကိုဘယ်အချိန်မှာ “အာဝါးရှလူး” ချင်လဲ



ဟီး. . . ဟိ. . . မနက်စတွေ့ကတည်းက ပြန်ခါနီးအချိန်ထိပေါ့။ ကိုရီးယားလို “ဆွာဆရဲ” ပဲ။ စပယ်ယာတွေအော်သလိုဆို “ဆွဲ. . .ဆရာ” ပဲ။



* ဂျနီဖာလိုပက်ဇ်ကများ မျက်စပစ်ပြခဲ့ရင်. . .



အောင်မှာ ဘယ်ရမလဲ အားကျမခံ မျက်စောင်းလေးထိုးပြီး နှုတ်ခမ်းထော်ပြလိုက်မှာပေါ့။



* လမ်းပေါ်မှာ ရှောက်သီးဆေးပြားရောင်းရတော့မယ်ဆိုရင် ဘယ်သီချင်းလေးဆိုပြီးရောင်းချင်လဲ



ကိုယ်တိုင်မရောင်းဘူးတော့မသိပါဘူး။ ကိုရိုးရာကြီးရောင်းတုန်းကတော့ ဘေးကနေ လက်ခုပ်တီးပြီးစည်းချက်လိုက်ပေးဖူးပါတယ်။ “ဘုရားဖူးတွေ လာနေပြီသားရေ” လို့လည်း အားပေးဖူးပါတယ်။ သူ့ကိုသွားမေးကြည့်လိုက်ဦးမယ်။



* ချစ်သူတစ်ကိုယ်လုံးမှာ အချစ်ဆုံးနေရာလေး (ဟိတ်လူ လွတ်အောင်ဖြေ နှုတ်ခမ်းလေးတွေပြောပါတယ်)



ကုကျု. . ကုကျု တွေပါလာပြီ။ သူ့တစ်ကိုယ်လုံးမှာ. . . အင်း. . .တစ်ကိုယ်လုံးမှာ. . . ကုကျု. . ကုကျုတွေပေါ့ကွယ် (ခါးတို့တာကိုပြောတာနော်):D



* အားပါးတရရယ်ရမယ်ဆိုရင် ဘယ်လိုရယ်ချင်လဲ



အားပါးတရရယ်တယ်ဆိုမှတော့ အဟေးဟေးဟေးဟေးဟေးဟေး ဟွင်းဟွင်းပေါ့ဗျာ။



* ကဗျာကို ဘယ်လိုသဘောထားလဲ



ရေးတဲ့ကဗျာဆိုရင်တော့ . . ၊ ကိုယ်ပိုင်တဲ့ပစ္စည်းလို့ပဲ သဘောထားပါတယ်။ ဟိုကဗျာဆိုရင်တော့ “ငပေါမလေး” ပေါ့



* ကိုယ့်ကိုကိုယ် (မျက်စိနဲ့) ဘယ်လိုမြင်လဲ



(မှန်အကူအညီမပါပဲဆိုရင်) ငုံ့ကြည့်ပြီး ခေါင်းမပါတဲ့ကောင်ကြီးလို့ပဲမြင်တယ်. . .ကြောက်တယ်။



* လူမသိ သူမသိ ရင်ခုန်ခဲ့ရတဲ့အချိန်လေးများရှိရင် ပြောပြပါလား



မုန့်ဟင်းခါးနှစ်ပွဲလောက် စားထားတဲ့အချိန်ပေါ့ . . . ရင်ခုန်လိုက်တာလေ. . . ဘယ်အချိန်ထွက်ကျမလဲ . . . လို့



* လူကြားသူကြားမှာလေလည်ရတော့မယ်ဆိုရင် ဘာပြောချင်လဲ



“သူလာလည်ရင် ခင်ဗျားတို့ ကောင်းကောင်းမွန်မွန် ဧည့်ခံမှာလားဟင်”



* အကြိုက်ဆုံးကဗျာလေးတစ်ပိုဒ်လောက်ရွတ်ပြပါလား



မင်းစိုမှာစိုးလို့

မိုးပေးချင်တာတောင်

ကိုယ့်မှာ. . .

ထီးတစ်လက်မရှိပါကွယ်



* ခုလိုပေါကြား(အဲ)ပြောကြားပေးတဲ့ ကိုသူရဿဝါကို ခွေးရှူးတိုက်ချင်(မှားပြန်ပြီ) ကျေးဇူးတင်ပါတယ်