“သို့ ….ရိုးရာ….”
ဒီကနေ့  ဗြိစ္ဆာရာသီရဲ့ 
၁၆ယောက်မြောက်ကောင်လေးတယောက်…
မိုးရေစက်တွေရဲ့ အဝေး…ပြေးရင်းလွှားရင်း
လူ့ လောကထဲ လမ်းမှားရောက်လာခဲ့တဲ့ နေ့ ပေါ့…
အဲ့ဒီ့ကောင်လေးပေါ့..
အိပ်မက်တွေ စိုရီလူးရာနောက်..
နှင်းဆီဝါတွေ ပိုက်ခူးပြီး…
အမိအရ လိုက်ခဲ့ဖူးတယ်….
လူငယ်တယောက်ရဲ့ ညတာတိုသော နေ့ ရက်တွေကြား
ကဗျာစာရွက်များစွာ…အုပ်မိုးဖူးခဲ့…
ကျေးဇူးပြုပြီး…
“အဓိပ္ပါယ် မရှိတဲ့အလုပ်တွေ” ဆိုတဲ့စကားနဲ့ …
လူငယ်လေးရဲ့ နှလုံးသားကို မထိုးနှက်ကြပါနဲ့ ….
ကဗျာဆရာ ဆိုတာ မဟာဆန်ချင်မှ ဆန်မယ်…
သို့ ပေမယ့်…
ရောက်လေရာ အရပ် လက်အုပ်မမိုးတတ်တဲ့…
အသွားထက်ထက် ကလောင်တန်တွေ…
တန်ရာတန်ရာ ဂုဏ်သိက္ခာတော့ ရှိကြလေရဲ့ …
ကဲ…ဒီနေ့ ဒီရက်…
တရားဝင် လူလားမြောက်ခွင့်ရတဲ့…သားရိုးရာရေ….
မာယာရှင် လောကကြီးနောက်….
သူတကာ လက်ညိုးညွှန်ရာအောက်….
လမ်းမပျောက်ပါစေနဲ့ ….ကွယ်…
ကိုယ့်ခြေထောက်တွေ ကိုယ်မြတ်နိုး…
ကိုယ့်လှေကိုယ် ခရီးရောက်အောင်ထိုးနိုင်တဲ့…
မာတာ့ လက်ရုံး..
မြတ်သောလိမ္မာ…
သားကောင်းရတနာ တပါး…
ထာဝရ ဖြစ်သွားနိုင်ပါစေ…
ချစ်သော မောင်ငယ်လေး ရေ…လို့ ...။ ။
မှ
နွေးနွေးသဲမွန်…( For 10 Nov 2009, Yoeyar’s 21st B’day)